အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ၊ လောကချမ်းသာဘုရားကျောင်း ပဓာန
နာယကဆရာတော် အရှင်ဣန္ဒကနှင့် သံဃာတော်များ၊ အမေရိကန် မြန်မာ
ဗုဒ္ဓဘာသာအသင်းတို့ ၏ နယားဂျာစီပြည်နယ်၊ မနာလပန်မြို့ ၊ မဟာစည်
သတိပဋ္ဌာန်ရိပ်သာအတွင်း " လောကချမ်းသာ
ဓမ္မာရုံ ယောဂီ ကျောင်းဆောင်ကြီး" ဆောက်လုပ်ခွင့်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့  မြို့ နယ်
အစည်းအဝေး၌၊ မနာလပန် မြို့ နယ် မြိ့ ပြ စီမံကိန်းအဖွဲ့ က
ခွင့်ပြုခဲ့ပါသည်။ ခန့် မှန်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ
တစ်သန်းခွဲကျော် ဖြစ်ပြီး၊ ၂၀၁၀ နှစ်ဦး နွေရာသီတွင်
စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ဓမ္မာရုံ ယောဂီဆောင်ကြီးကို
အထက်ပါပုံအတိုင်း မြင်တွေ့ ကြရမည် ဖြစ်ပါသည်။
အလှူရှင်များ၏ လှူဒါန်းမှု ဒါနစွမ်းအား၊ အတတ်ပညာရှင် အသိပညာရှင်
နှင့် ဝေယျာဝစ္စ ဆောင်ရွက်ကြသူများ၏ ဥာဏအား ကာယအား
လှူဒါန်းမှုများကို အဓိကအားထား နေရသော၊ အမေရိကန် မြန်မာ
ဗုဒ္ဓဘာသာအသင်းမှာကား၊ မကြာမီအတွင်း ကြီးကျယ်ခန်းနားစွာ မြင်တွေ့ ကြရမည် ဖြစ်ပေသည်။
ရှေးအခါက အလှူရှင်တစ်ဦးလျှင်၂ ပြားမျှသော အလှူငွေများစုပေါင်းကာ၊ နှစ်ပြားတန်စောင်းဟုခေါ်သော၊
ရွှေတိဂုံစေတီတော်၏ နောက်ဖက်စောင်းတန်းကြီး ပေါ်ထွန်းလာသကဲ့သို့ ၊
ဓမ္မမိတ်ဆွေ သူတော်စင်တို့  သာသနာအကျိုးကို ရည်မျှော်ကိုး၍၊
နည်းများ မဟူ ဒါနစု၍ အလှူပြုကြပါရန်၊ လေးစားစွာ တိုက်တွန်းနှိုးဆော်
အပ်ပါကြောင်း . .